ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

လေအေးပေးစက်များအား အကျိုးရှိစွာသုံးစွဲခြင်း

မီးသီး၊ မီးချောင်းများအား အကျိုးရှိစွာသုံးစွဲခြင်း

လျှပ်စစ်မီးဖိုများအား အကျိုးရှိစွာသုံးစွဲခြင်း

ရေခဲသေတ္တာအသုံးပြုရာတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲခြင်း

လောင်စာချွေတာမောင်းနှင်နိုင်သည့်နည်းလမ်းများ (Eco-Drive)

စက်ရုံအလုပ်ရုံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနိုင်ရေးအတွက်စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ရမည့် အခြေခံအချက်များ

(၁) ထုတ်လုပ်မှုနှင့် စွမ်းအင်သုံးစွဲမှုဆိုင်ရာ အချက်အလက်များကောက်ယူခြင်း၊ စုဆောင်းခြင်းနှင့် မှတ်တမ်း တင်ထားရှိခြင်း၊

(၂) မလိုအပ်သည့် သုံးစွဲမှုများကို လျှော့ချခြင်း (ဥပမာ ထုတ်လုပ်မှုမရှိဘဲ စက်လည်ပတ်ချိန် ကြာမြင့်မှု ကို လျှော့ချခြင်း၊ လူမရှိသည့် အခန်းများတွင် မီးများဖွင့်ခြင်း စသည်များ လျှော့ချရန်)

(၃) စွမ်းအင်သုံးစွဲသည့်စက်ပစ္စည်းကိရိယာများကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) နှင့် မှတ်တမ်းများထားရှိခြင်း၊

(၄) ယိုစိမ့်မှုများကို ပြုပြင်ဖာထေးခြင်း (ဥပမာ Air Compressor ပိုက်လိုင်းများတွင် လေယိုစိမ့်မှုများ ၊ ရေသုံးစွဲရာတွင် ယိုစိမ့်မှုများ)

(၅) စွမ်းအင်စီမံခန့်ခွဲမှု စနစ်ကျင့်သုံးခြင်းနှင့် စနစ်တစ်ခုလုံး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း (Apply Energy Management System, System Optimization)

(၆) စွမ်းအင်ဆိုင်ရာမူဝါဒ၊ အစီအမံများဆောင်ရွက်မည့်အခြေအနေ (အပိုင်း)နှင့် Standard operation procedure (SOP) စသည်တို့ကိုဉီးစွာချမှတ်ခြင်း၊ SOP အတိုင်းတစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

(၇) စွမ်းအင်သုံးစွဲမှုများသော ပစ္စည်းကိရိယာ/ စနစ်အလိုက် စွမ်းအင်အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် စွမ်းအင်သုံးစွဲမှုစစ်ဆေးခြင်းလုပ်ငန်း (Energy Audit) ဆောင်ရွက်ခြင်း၊

(၈) စွမ်းအင်သုံးစွဲမှုစစ်ဆေးခြင်း (Energy Audit) လုပ်ငန်း ဆောင်ရွက်ပြီးပါက စွမ်းအင် အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ အကြံပြုချက်များအပေါ် ဆောင်ရွက် သင့်သည်များကို လိုက်ပါဆောင်ရွက်ခြင်း၊

(၉) စွမ်းအင်ခြိုးခြံချွေတာရေးလုပ်ငန်း မဆောင်ရွက်မီနှင့် ဆောင်ရွက်ပြီးနောက်ပိုင်း စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ခြင်းအခြေအနေ သိရှိစေရန်အတွက် အချက်အလက်များနှိုင်းယှဉ်ခြင်းနှင့် မှတ်တမ်းများ ထားရှိခြင်း၊

(၁၀) စွမ်းအင် စွမ်းဆောင်ရည်မြင့်မားသော/ အကျိုးရှိ ထိရောက်စေသော စက်ပစ္စည်းများကို ရွေးချယ် သုံးစွဲခြင်း (Use high energy performance/ energy efficient Equipment)

ရုံးအဆောက်အဦးများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနိုင်ရေးအတွက် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအချက်များ

(၁) ထမင်းစားချိန်၊ နားနေချိန် စသဖြင့် အသုံးမလိုအပ်သည့် အချိန်များတွင် သန့်စင်ခန်း အပါအဝင် မီးသီး၊ မီးချောင်းများနှင့် လျှပ်စစ်ပစ္စည်းများကို ပိတ်ထားပါ။

(၂) ကွန်ပျူတာများ၊ Laptop များမသုံးစွဲသည့်အချိန်တွင် Sleep Mode သို့ထားပေးပါ။ လျှပ်စစ် ပစ္စည်းများအား အသုံးမလို၍ပိတ်လျှင် Plug ကိုပါ ဖြုတ်ထားပါ။ (Stand by Power သည် အနည်းဆုံး 3 ~ 10 Watt အထိ လျှပ်စစ်ဓာတ်အား ကုန်ကျစေသည်။)

(၃) နေရောင်ခြည်တိုက်ရိုက်ကျရောက်ခြင်းမရှိသည့်အခန်းများတွင် သဘာဝအလင်းရောင် ရရှိစေရန် ခန်းဆီးလိုက်ကာ များ ဘေးဖယ်/စုစည်းထားပါ။

(၄) လေအေးပေးစက်များ အသုံးပြုချိန်တွင် အဝင်အထွက်နှင့် ပြတင်းတံခါးများကို လုံခြုံစွာပိတ်ထား၍ သုံးစွဲပါ။ နေရောင်ခြည်တိုက်ရိုက်ကျရောက်သည့် မှန်ပြတင်းတံခါးများတွင် အပူဝင်ရောက်မှု လျော့နည်းစေရန် ခန်းဆီးလိုက်ကာအထူများ အသုံးပြုပါ။

(၅) လေအေးပေးစက်များ၏ Setting Temperature ကို 25°C တွင် အသုံးပြုပါ။ Temperature Setting 1°C မြှင့်တိုင်း Energy Saving 3~4% ရရှိပါသည်။ (ဥပမာ 16°C to 17°C သို့ တိုးမြှင့်ခြင်း)

(၆) လေအေးပေးစက်များ၏ လေစစ်စကာ (filter) များကို ဖုန်မတင်စေရန် (၁) လ တစ်ကြိမ် ရေဖြင့် ဆေးကြောပေးပါ။ လေအေးပေးစက်၏ စွမ်းဆောင်ရည်ကောင်းမွန်စေရန် (၆) လ တစ်ကြိမ်နှင့် လိုအပ်သည့်အခါတိုင်း Servicing ပြုလုပ်ပါ။

(၇) လေအေးပေးစက် အသုံးပြုသည့်အခန်းများတွင် ပြင်ပလေမှ အောက်ဆီဂျင်ရရှိစေရန်နှင့် Ventilation ကောင်းမွန် စေရန် (၃) ရက်လျှင် တစ်ကြိမ် တံခါးများဖွင့်ပေးပါ။

(၈) လျှပ်စစ်ပစ္စည်းများအသုံးပြုရာတွင် တစ်နေ့တာသုံးစွဲမှုကြာချိန် (နာရီ)များကို မှတ်တမ်းပြုစုထားရှိပါ။

(၉) အကောင်အထည်ဖော်သည့် လုပ်ငန်းအားလုံးအပေါ် စောင့်ကြည့်စစ်ဆေးခြင်းနှင့် တန်ဖိုးဖြတ်ခြင်း (Monitoring and Evaluation) ပြုလုပ်၍ ဝန်ထမ်းအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်နိုင်စေ ရေးအတွက် အသိပညာ ဖြန့်ဝေခြင်းနှင့် ညှိနှိုင်းအကြံဉာဏ်ရယူခြင်းတို့ ဆောင်ရွက်ပါ။

(၁၀) လျှပ်စစ်ပစ္စည်းများဝယ်ယူရာတွင် Energy Saving Label/ Energy Star label စသည် ဖြင့်ပါရှိသော စွမ်းဆောင်ရည်မြင့်သည့်ပစ္စည်းများကို ရွေးချယ်ဝယ်ယူပါ။ လိုအပ်ချက်နှင့် တပ်ဆင်စွမ်းအား (Installed Capacity) ကိုက်ညီမှုရှိစေရန်လည်း ချိန်ဆဝယ်ယူပါ။

အခြားနေရာများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနိုင်ရေးအတွက် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံအချက်

(၁) စွမ်းအင်သုံးစွဲမှုဆိုင်ရာ အချက်အလက်များကောက်ယူခြင်း၊ စုဆောင်းခြင်းနှင့် မှတ်တမ်းတင်ထားရှိခြင်း၊