ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

ENERGY EFFICIENCY AND CONSERVATION DEPARTMENT MYANMAR

Home

ဌာနအကြောင်း

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စွမ်းအင်ခြိုးခြံချွေတာရေး ဌာနသည် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ (Energy Efficiency Activities) ကို စက်မှုကဏ္ဍ၊ အဆောက်အဦကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍနှင့် စက်ပစ္စည်းကိရိယာများ စွမ်းအင်စွမ်းဆောင်ရည် သတ်မှတ်ရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍစုံတွင် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာအမှတ် (၃/၂၀၁၄) အရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Energy Efficiency Focal ဌာန တစ်ခု ဖြစ်ပါသည်။ စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေးအဆောက်အဦများနှင့် ရုံးအဆောက်အဦများတွင် Energy Audit လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများအတွက် စွမ်းအင်စွမ်းဆောင်ရည် စံသတ်မှတ်ခြင်းနှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းစနစ် အကောင်အထည်ဖော်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍအပါအဝင် ကဏ္ဍစုံ၌ စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးဆိုင်ရာ သင်တန်းများ ပို့ချခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ပိုမိုဖတ်ရှုရန်
နောက်ဆုံးရ သတင်းများ အားလုံးကြည့်ရန်

အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ စွမ်းအင်စွမ်းဆောင်ရည်

စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေးအချက်များ