ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

ရှေ့လုပ်ငန်းစဉ်


(က) စက်မှုကဏ္ဍ၊ အဆောက်အဦကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍနှင့် စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်းများကဏ္ဍဟူ၍ ကဏ္ဍ (၄) ရပ်တွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ ပြဋ္ဌာန်းခြင်း၊ 
(ခ) စျေးကွက်အတွင်း စွမ်းအင်စွမ်းဆောင်ရည်မြင့်မားသော စက်၊ စက်ကိရိယာ များနှင့် လျှပ်စစ်ပစ္စည်းများရရှိနိုင်ရေးအတွက် Minimum Energy Performance Standard နှင့် Labeling သတ်မှတ်ပြဋ္ဌာန်းခြင်း၊ 
(ဂ) အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် Product Registration System နှင့် Database System တည်ဆောက်ခြင်း၊ 
(ဃ) စွမ်းအင်သုံးစွဲမှုများသော စက်ရုံများ၊ စီးပွားရေးအဆောက်အဦများနှင့် နိုင်ငံပိုင် အဆောက်အဦများတွင် Energy Audit လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ 
(င) Energy Manager သင်တန်းများ ဖွင့်လှစ်ခြင်း၊
(စ) သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကဏ္ဍအလိုက်စွမ်းအင်သုံးစွဲမှုဆိုင်ရာ Pilot Project များအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဆ) လိုအပ်သောသင်တန်းများနှင့် အသိပညာပေးခြင်းအစီအမံများနှင့် Mass Media များမှ တစ်ဆင့် လူထုသို့အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း။