ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

မဟာဗျူဟာ


စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ မဟာဗျူဟာမြောက် ရည်မှန်းချက်များ

(က) စက်မှုကဏ္ဍ
       - စက်မှုကဏ္ဍ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ နည်းပညာရပ်များအား လက်ခံကျင့်သုံးလာစေရန်၊
       - စက်မှုလုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် အင်ဂျင်နီယာများအကြား စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲရေး နှင့်ခြိုးခြံချွေတာရေး အသိပညာဗဟုသုတ တိုးပွားစေရန်၊   
       - စက်မှုကဏ္ဍ၌ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ခြိုးခြံချွေတာရေး ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ အားကောင်းလာစေရန်၊
(ခ)  စီးပွားရေးဆိုင်ရာ အဆောက်အဦကဏ္ဍ
       - အဆောက်အဦသစ်များ၏ ဒီဇိုင်းရေးဆွဲခြင်းနှင့် လက်ရှိအဆောက်အဦများ ပြင်ဆင်မွမ်းမံခြင်းတို့တွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနည်းလမ်းများ ထည့်သွင်းဆောင်ရွက်ရန်၊
       - စီးပွားရေးဆိုင်ရာ အဆောက်အဦကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး နည်းပညာရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊
       - စီးပွားရေးဆိုင်ရာ အဆောက်အဦကဏ္ဍတွင် ပြန်ပြည့်မြဲစွမ်းအင် နည်းပညာများ အသုံးပြုမှု မြှင့်တင်ရန်၊
       - အဓိကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်သူများအတွက် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အသိပညာများဖလှယ်ခြင်း အစီ အစဉ်များအား တိုးမြှင့်ဆောင်ရွက်ရန်၊
(ဂ) လူနေအဆောက်အဦကဏ္ဍ 
      - အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် စွမ်းအင်စွမ်းဆောင်ရည်စံသတ်မှတ်ချက် သတ်မှတ်ခြင်းဖြင့် အိမ်ထောင်စုများ၏ စွမ်းအင်ကုန်ကျစရိတ်အား လျှော့ချရန်၊
      - မြို့ပြအိမ်ထောင်စုများတွင် စွမ်းအင်သုံးစွဲမှု သက်သာသည့်မီးဖိုများ အသုံးပြုမှု မြှင့်တင်ရန်၊
      - လူနေအိမ်အဆောက်အဦများအတွက် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်းလမ်းနှင့် နည်းပညာများဆိုင်ရာ အသိပညာပေးလုပ်ငန်းများ တိုးတက်စေရန်၊
(ဃ) နိုင်ငံပိုင် အဆောက်အဦကဏ္ဍ 
      - နိုင်ငံပိုင်အဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်း ပညာ အသုံးပြုမှု မြှင့်တင်ခြင်းဖြင့် စုစုပေါင်းစွမ်းအင်ကုန်ကျစရိတ် လျှော့ချရန်၊   
      - နိုင်ငံပိုင်လုပ်ငန်းများရှိ ဝန်ထမ်းများအား စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး ဆိုင်ရာ အသိပညာများ မြှင့်တင်ရန်၊   
      - စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာလုပ်ငန်း နှင့်စပ်လျဉ်း၍ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများ (Maintenance Staffs) ၏ စွမ်းရည် မြှင့်တင်ရန်။