ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ပို့ချခြင်း

Posted at 24-03-2023

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနသည် ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းများကို သွားရောက်ပို့ချလျက်ရှိရာ မတ်လ (၂၀) ရက်နေ့မှ (၂၂) ရက် နေ့ အထိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးဇော်တို့မှ အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်တန်းပို့ချ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ တက်ရောက်သူ သင်တန်းသား ဦးရေ (၂၁) ဦး တက်ရောက်ခဲ့ပါသည်။