ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

Energy Efficiency and Industrial Development ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

Posted at 08-11-2024

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ စွမ်းအင်ခြိုးခြံချွေတာရေးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ကဏ္ဍစုံ၌ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ (မူကြမ်း) အား ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။  အဆိုပါ ဥပဒေ(မူကြမ်း) ပေါ်ထွက်လာရေးနှင့် စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေ အကောင်အထည်ဖော်ရေးအပါအဝင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်နေသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ Energy Efficiency and Industrial Development ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးအား (၆.၁၁.၂၀၂၄) ရက်နေ့တွင် အစည်းအဝေးခန်းမ၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်၌ ကျင်းပခဲ့ရာ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ စုစုပေါင်း ကိုယ်စားလှယ် (၄၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးတွင် ဥပဒေနှင့်စပ်လျဥ်းသည့်အကြောင်းအရင်းများကို ရှင်းလင်း တင်ပြခဲ့ရာ တက်ရောက်လာသူများက စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးဥပဒေပေါ်ထွက်လာရေးတွင် လိုအပ်သည့် ကဏ္ဍများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေအား ဆက်လက်ဆောင်ရွက်ရန် သဘော တူညီချက်ရရှိခဲ့ရာ စက်မှုဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့် စပ်လျဉ်း၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ယခင်ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့ အား Update စာရင်းပြန်လည်ပြုစုကာ ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။