ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ပို့ချခြင်း

Posted at 20-02-2023

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနသည် ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းများကို သွားရောက်ပို့ချလျက်ရှိရာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ (၁၆) ရက် နေ့အထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဖွင့်လှစ် ပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်တို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်တန်းပို့ချ၍ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တက်ရောက်သူ သင်တန်းသားဦးရေ (၂၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။