စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနသည် ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းများကို သွားရောက်ပို့ချလျက်ရှိရာ ဒီဇင်ဘာလ (၂) ရက်နေ့မှ (၃) ရက် နေ့အထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအောက်ရှိ သင်တန်းကျောင်းတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ အထွေထွေမန်နေဂျာ၊ ဦးလင်းလင်းကိုမှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်တန်းပို့ချ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တက်ရောက်သူ သင်တန်းသားဦးရေ (၄၃) ဦး ရှိကြောင်း သတင်းရရှိပါသည်။