ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုသင်တန်း ပို့ချခြင်း

Posted at 27-11-2024

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနသည် ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းများကို သွားရောက်ပို့ချလျက်ရှိရာ အောက်တိုဘာလ (၂၉) ရက်နေ့မှ  (၃၁) ရက်နေ့အထိ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ‌‌ဒေါ်တင်တင်ထူးနှင့်  တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇော်အေးမောင်မှ အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်တန်းပို့ချ၍ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တက်ရောက်သူ သင်တန်းသားဦးရေ (၂၀) ဦး ရှိကြောင်း သတင်း ရရှိပါသည်။