စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနသည် ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းများကို သွားရောက်ပို့ချလျက်ရှိရာ မေလ (၂၀) ရက်နေ့မှ မေလ (၂၁) ရက် နေ့အထိ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းနှင့် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒေါ်ခင်မေနုမှ အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်တန်းပို့ချ၍ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ တက်ရောက်သူ သင်တန်းသားဦးရေ (၃၁) ဦး ရှိကြောင်း သတင်း ရရှိပါသည်။