ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ပို့ချခြင်း

Posted at 24-01-2024

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ စွမ်းအင်ခြိုးခြံချွေတာရေးဌာနသည် ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲ နိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းများကို သွားရောက်ပို့ချလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂၆) ရက်နေ့အထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်တန်းပို့ချ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တက်ရောက်သူ သင်တန်းသားဦးရေ (၂၀) ဦး ရှိကြောင်း သတင်း ရရှိပါသည်။