ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

“စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်း ” အတွက် နိုင်ငံသားပညာရှင် (၂) ဦး ခေါ်ယူခြင်း

Posted at 29-12-2023

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၏ အထူးရန်ပုံငွေ ၂၀၂၃ အောက်၌ “စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး ရှေ့ပြေးစီမံကိန်း (Energy Efficiency Pilot Project in Food Processing Sector)” အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်မည့် နိုင်ငံသားပညာရှင် (၂) ဦး ခေါ်ယူမည် ဖြစ်ရာ Call for National Experts တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပြီး အတွေ့အကြုံရှိသူများအနေဖြင့် စိတ်ပါဝင်စားပါက စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန eecd.moi@gmail.com သို့ (၅.၁.၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။

1703853987.pdf