ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

စက်ရုံများအတွက် စွမ်းအင်သုံးစွဲမှုစစ်ဆေးခြင်း (Energy Audit) လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

Posted at 01-03-2023

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စွမ်းအင်ခြိုးခြံချွေတာရေး ဌာနသည် ဤဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နိုင်ငံပိုင်၊ ငှားရမ်း/အကျိုးတူ/ဖက်စပ်စက်ရုံများ ၏ လစဉ်စွမ်းအင်သုံးစွဲမှုအခြေအနေများကို Analysis ပြုလုပ်၍ စွမ်းအင်သုံးစွဲမှုများပြားသည့် စက်ရုံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးရည်ရွယ်၍ စွမ်းအင်သုံးစွဲမှုစစ်ဆေး ခြင်း (Energy Audit) လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စွမ်းအင်ခြိုးခြံချွေတာရေးဌာန မှ တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ မေလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ အမှတ်(၇) အထည်စက်ရုံ (မြစ်သား) နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) တို့သို့ သွားရောက်၍  စွမ်းအင်သုံးစွဲမှု အခြေအနေများကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်နေသည့် အလုပ်ရုံများတွင် စွမ်းအင်သုံးစွဲမှုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)ကိုလည်း ၅.၂.၂၀၂၃ ရက်နေ့မှ ၈.၂.၂၀၂၃ ရက်နေ့အထိ သွားရောက်၍ စွမ်းအင်သုံးစွဲမှုစစ်ဆေးခြင်းအား ဆောင်ရွက်ပေးခဲ့ပါသည်။