ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စက်မှုဝန်ကြီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စွမ်းအင်ခြိုးခြံချွေတာရေးဌာန

စွမ်းအင်ဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ပို့ချခြင်း

Posted at 02-08-2023

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စွမ်းအင် ခြိုးခြံချွေတာရေးဌာနသည် ရုံးအဆောက်အဦများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ နိုင်ရေးရည်ရွယ်၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာနရုံးများတွင် စွမ်းအင်စီမံခန့်ခွဲမှု အခြေခံသင်တန်းများကို သွားရောက်ပို့ချလျက်ရှိရာ ဇူလိုင်လ (၂၅) ရက်နေ့မှ (၂၇) ရက် နေ့ အထိ စွမ်းအင်ဝန်ကြီးဌာနတွင် စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်တန်းပို့ချရာ စွမ်းအင်ဝန်ကြီးဌာနမှ သင်တန်းသား ဦးရေ (၁၈) ဦး တက်ရောက်ခဲ့ပါသည်။